Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၊ ဝန်တွင်းကျေးရွာတွင် CERP Plan အရ စပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုး
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ဝန်တွင်းကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ၂၀၂၀ မိုးရာသီ CERP Plan အရ အကျိုးဆောင်တောင်သူတောင်သူဦးသိန်းအောင်၏လယ်မြေ စံပြစိုက်ကွက်တွင် မှော်ဘီ(၂) စပါးမျိုးစေ့ထုတ် စိုက်ခင်းအား စိုက်ပျိုးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုး နည်းပညာများ ကူညီပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများသို့ PPE ဝတ်စုံများ ပေးအပ်လှူဒါန်း
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းနှင့် အလယ်တန်းကျောင်းများသို့ PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဗဟိုအခြေခံပညာမူလတန်းလွန်ကျောင်း ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် GRAGE- 4 (နောက်ဆက်တွဲ ) သင်တန်းပို့ချနေမှုအား ကြည့်ရှုစစ်ဆေး
Aug 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် GRADE-4 (နောက်ဆက်တွဲ) သင်တန်းပို့ချနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထူးထူးနိုင်တို့က ယနေ့နံနက် (၁၀) နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Aug 05,2020
မြို့နယ်အတွင်းရှိ လမ်းများ အဆင်ပြေစွာ သွားလာနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေမြောင်း ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း/မြောက်ရပ်ကွက်၊ ပဒုမ္မာလမ်းအား ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လမ်းချဲ့ခြင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့၊ နံနက်ပိုင်းအချိန်က တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော ဦးဝတုတ်တံတား တည်ဆောက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 05,2020
ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်နှင့် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော အမှတ်(၉)ရပ်ကွက် မြစပါယ်လမ်း ဦးဝတုတ် တံတား တည်ဆောက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းနှင့် လမ်းတံတား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများအား ထုတ်ပြန်ကြေညာသွားတော့မည်ဖြစ်
Aug 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို သတ်မှတ်ရက်တွင် ကြေညာပေးရာ၌ ယခင်နှစ်များကဲ့သို့ သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာခြင်းမပြုဘဲပညာရေးဝန်ကြီးဌာနမှ ထုတ်ကြေညာထားသည့် website များ ဖြစ်သည့် www.moe.gov.mm နှင့် www.myanmarexam.org တို့တွင် ဩဂုတ်လ (၉) ရက်၊ (၀၀:၃၀) နာရီအချိန်မှစတင်ပြီး ကြည့်ရှုနိုင်ပြီး မြန်မာ့အသံလေဒီယိုအစီအစဉ်နှင့် SKYNET Education Channel တို့မှလည်း နားထောင်ကြည့်ရှုနိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းထုတ်ထားကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်၌ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဖွင့်
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးအပေါ်ထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရတိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉) နာရီအချိန်က ရွာမအုပ်စု၊ရွာမကျေးရွာ တိရစ္ဆာန်မွေးမြူရေးခြံ ၌ တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်း ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနောက်မျောပါပျက်စီးဆုံးရှုံး သွားသည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်
Aug 05,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ဩဂုတ်(၃)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနောက်မျောပါပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများ အား ယမန်နေ့နံနက် (၁၁) နာရီခွဲ က နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကျေးရွာများသို့ သွားရောက် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28170
Page
28171
Page
28172
Page
28173
Current page
28174
Page
28175
Page
28176
Page
28177
Page
28178
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department