အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့က စာဖတ်ဝိုင်း ကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။
Mar 16,2020
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့၌ နွေရာသီ သောက်သုံးရေ ဖူလုံရေးအတွက် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် တာဝန်ရှိသူများက နောင်တရားမြို့ရေထွက်များအား ယနေ့နံနက်ပိုင်း ကြည့်ရှု စစ်ဆေးသည်။
Mar 16,2020
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း မီးခိုးမြူများ ဖုံးလွှမ်းနေခြင်း ကြောင့် မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲကစ၍ မြို့တွင်း ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် မီးသတ်ယာဉ်ဖြင့် ရေမှုန်ရေမွှားများ ပက်ဖျန်းလျက်ရှိကြောင်း သိရသည်။
Mar 16,2020
အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၈နာရီခွဲ)အချိန်က ဘောဂလိမြို့ အမှတ်(၃) ရပ်ကွက်အတွင်း  ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြသည်။
Mar 16,2020
မင်းတပ်မြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ​ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
Mar 16,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၆၁၆) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဟင်္သာ ခန်းမ၌ပြုလုပ်သည်။
Mar 16,2020
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။