Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအည်းအဝေးကို ကိုဗစ်-၁၉ စည်းကမ်း ချက်နှင့် အညီကျင်းပ
Sep 09,2021
ကရင်ပြည်နယ်ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေပြီး ဌာနဆိုင်ရာများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (၆၉၉) သိန်းကျော်ထောက်ပံ့
Sep 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် လူမှူဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြီး ပျောက်ကင်းသူများ၏ ရင်တွင်း စကားသံများ
Sep 09,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့်တတ်နိုင်သမျှ အိမ်တွင်း ၌သာ နေထိုင်ခြင်းနေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ မိမိတို့ နေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်းကိုတပ်ဆင်ထားစေခြင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း(၄၂၀၄၀၂)ဦးရှိပြီးဖြစ်ကာ (၃၆၈၀၆၆)ဦးမှာ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်းသိရသည်။ သို့ပါ၍ ဇေယျာသီရိမြို့နယ်အတွင်းမှကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည် ကောင်းမွန်လာသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်တွင် ပြည်သူ ၃၆၂၈ဦးအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးပြီးဖြစ်
Sep 09,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသော ပြည်သူများအား ဒုတိယအကြိမ်ထပ်မံ၍ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ ၉ နာရီအချိန်မှ စတင်၍ အထက(မတ္တရာ) အောင်ဆန်းခန်းမ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့ အောက်စီဂျင်စက်ရုံ၌ အောက်ဆီဂျင်ထုတ်လုပ်မှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်ရှိ အဝေးပြေးကားဂိတ် နောက်တွင် တည်ဆောက်လျက်ရှိသော အောက်စီဂျင်စက်ရုံ၌ အောက်စီဂျင်ထုတ်လုပ်မှုအခြေအနေအား ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးရန်ကျန်ရှိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလုပ်သမား များ အား ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး…
Sep 09,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလုပ်သမားများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ရပ်ကွက်ကြီး (၁) ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးသူ (၃၉၆) ဦးရှိပြီးဖြစ်
Sep 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ဩဂုတ်လ(၁၀)ရက်နေ့က (ပထမ) အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား စက်တင်ဘာလ(၇) ရက်နေ့တွင် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီး ဘိုးဘွား(၁၁၆)ဦး၊ ဘုန်းကြီး/သီလရှင် များနှင့်သာသနာ့ဝန်ထမ်းများ (၁၆)ဦး၊ ပရဟိတလူမှုကူညီရေးအသင်း (၅၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၆)ဦး၊ (၆၅)နှစ်အောက်ဦးစားပေးအဆင့်အလိုက် ဈေး ရောင်းသူ (၁၉၃)ဦး၊ စုစုပေါင်း (၃၉၆)ဦးအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ပြည်သူစုစုပေါင်း(၆၇၅၁)ဦးအား ဆက်လက် ထိုးနှံပြီးစီး
Sep 09,2021
မုံရွာမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စဥ်ဆက်မပျက် ထိုးနှံပေး လျက်ရှိရာ သြဂုတ်လ(၃၁)ရက်နေ့မှ ယနေ့အချိန်အထိ ဆေးထိုးစုရပ် (၁၂)နေရာခွဲ၍ ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေး အလိုက် ပြည်သူစုစုပေါင်း(၆၇၅၁)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25815
Page
25816
Page
25817
Page
25818
Current page
25819
Page
25820
Page
25821
Page
25822
Page
25823
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department