ကျောက်တလုံးကြီးမြို့တွင် သက်ကြီးပုဂ္ဂိုလ်များအား ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ပညာရေးကဏ္ဍအပြင် အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အစဉ်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူလူငယ်များ သက်ကြီးပုဂ္ဂိုလ်များအပေါ် စာနာတတ်သည့် ကိုယ်ချင်းစာတရားများ ထားရှိတတ်စေရန် သက်ကြီးပုဂ္ဂိုလ်များအား ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာရေး အသိပညာပေး ဟောပြောပွဲကို ကျောက်တလုံးကြီး မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။