လေးမျက်နှာမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့က ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်စုကျေးရွာ၊ သောင်ဦးကျောင်းတိုက် ဓမ္မာရုံနှင့် အိုင်သပြုကျေးရွာ၊ မန်းကျောင်းဘုန်းတော်ကြီးကျောင်းတို့တွင် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။