ဖြူးမြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ်ခြင်းသရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား မီးဘေးလုံခြုံရေးအသိပညာများရရှိစေရေးအတွက် စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး၍ မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာဖေမြင့် ရေးသားသော သင့်စိတ်သင့် အတွေးအကြံများ အတိုင်းသာ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။ စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

တွံတေးမြို့နယ် အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျိုက်သလဲကျေးရွာအုပ်စု၊ ကျိုက်သလဲကျေးရွာရှိ အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်း ၂၆၃ ကျောင်းရှိ KG တန်းမှ ကျောင်းသား/သူများအား တတိယအကြိမ်ကျောင်းတွင်းအာဟာရကျွေးမွေးမှု ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၆၃ ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူကျောင်းသား ၄၈၄၆ ဦးအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၏ ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယနေ့ နံနက် ၁ဝ နာရီအချိန်က အ.ထ.က (ချည်စက်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်း အုပ်စုနှင့်ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂၈၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့၊ အ-မ-က-အောက်ကင်းအရှေ့ကျောင်းသူ၊ ကျောင်းသားများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်များ ပြသခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အောက်ကင်းအရှေ့ရွာ-အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်၊ပြည်ထောင်စုနေ့အကြိုနှင့် စာဖတ်ရှိန်မြင့်တက်စေရေးဟောပြောခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ KG အတန်းမှ Grade-5 အတန်းအထိ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

မိုင်းပျဉ်းမြို့ ဝမ်ယမ်းကျေးရွာ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးလုပ်ငန်း(Smart Village) စီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား  အခမဲ့ဆေးကုသပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများစစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး  ကုသပေးခဲ့သည်။

ဟိုပုံးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အားကစားခန်းမ၌ ကျင်းပသည်။
Subscribe to