လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေး
ဒဂုံ ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် ကန်တော်မင်္ဂလာပန်းခြံဝင်း Happy World အတွင်းရှိ ကလေးကစားကွင်းများ၊ စားသောက်ဆိုင်များ လျှပ်စစ်အန္တရာယ်ကင်းဝေစေရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်အတွက် ယမန်နေ့ မွန်းလွဲ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးသိန်းဦး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုး၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်တို့ ပူးပေါင်း၍ သွားရောက်စစ်ဆေးကြောင်း သိရသည်။