လေးမျက်နှာမြို့(မြတ်စေတနာ)အခမဲ့ဆေးခန်း၌ 2019 Novel Coronavirus ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့(မြတ်စေတနာ)အခမဲ့ဆေးခန်း၌ ဆေးလာရောက်ကုသသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်နိုင်ရေးရည်ရွယ်၍ မြို့နယ်ကုသ/ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက မြတ်စေတနာအခမဲ့ ဆေးခန်း၌ကျင်းပသည်။