ပခုက္ကူမြို့၌ လူငယ်ခေါင်းဆောင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုဟောပြောပွဲ ကျင်းပ
ပခုက္ကူ ဇန်နဝါရီ ၆
Yangon Business Management Centre မှ ကြီးမှူးပြုလုပ်သော လူငယ်ခေါင်းဆောင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှု ဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ပခုက္ကူမြို့၊ ကုန်သည်ပွဲစားများအသင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ Yangon Business Management Centre မှ CEO ဥက္ကဋ္ဌ စီးပွားရေးပညာရှင် ဦးတိုးတိုးအောင်က ဟောပြောပွဲပြုလုပ်ရခြင်းနှင့် အဖွဲ့အစည်းအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။