ပြည်သူများအချိန်နှင့် တစ်ပြေးညီသတင်းမှန်သိရှိစေရန် သတင်းဗီဒီယိုရိုက်ကူးနည်းသင်တန်း ဖွင့်လှစ်သင်ကြား
ရန်ကုန် ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း (အောက်ဘလောက်)ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းတွင် ဗီဒီယိုသတင်း ရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်းအမှတ်စဉ်(၂)ကို ဇန်နဝါရီ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။