ခင်ဦးမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဖွင့်ပွဲကျင်းပ
ခင်ဦး ဇန်နဝါရီလ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။