မတ္တရာမြို့နယ်တွင် ကျေးရွာ (၄) ရွာ တစ်ပြိုင်နက် လျှပ်စစ်မီးဖွင့်ပွဲကျင်းပ
မတ္တရာ ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့သော သပြေအိုက် ကျေးရွာ၊ ဖြည့်ပုံရွာသစ်ကျေးရွာ၊ မြကန်ကျေးရွာနှင့် ဂွေးပင်ကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။