ယခုနှစ် အလောင်းတော်ကဿပ ဘုရားဖူးရာသီတွင် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန်ဘုရားဖူးသူများပြားခဲ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်ဝင် ရောက်မှုသည် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန် ဘုရားဖူးလာရောက်မှု ပိုမိုများပြားကြောင်း အလောင်းတော်ကဿပဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်း ၏ ပြောကြားချက်အရ သိရသည်။