ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပ
ကချင်ပြည်နယ်၊ မိုးမောက်မြို့ အ.မ.က မူလွန်(မံပုံ)ကျောင်းတွင် ယနေ့ နံနက်(၉)နာရီတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် တုံ့ပြန် ဆောင်ရွက်ရေး သိရှိနားလည် တတ်ကျွမ်းစေရန် ရည်ရွယ်၍ မိုးမောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနားကျင်းပရာ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမှိုင်းမြတ်ထွန်းက အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ထပ်ဆင့်အမှာစကားပြောကြားခြင်းတို့ဆောင်ရွက်သည်။