စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ခန္တီး ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်က ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ခန္တီးမြို့နယ် အခြေခံပညာကျောင်း များ၏ တစ်နှစ်တာလုပ်ဆောင်မှု မှတ်တမ်းများကို လှည့်လည်ကြည့်ရှုကြသည်။

ပညာရေးစုံပွဲတော်ကို ခန္တီး အ.ထ.က ကျောင်းသူများက ပညာရေးစုံညီ သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည်

ကန့်ဘလူ ဇန်နဝါရီ ၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကန့်ဘလူခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် (ကန့်ဘလူ)ကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှညနေ ၅ နာရီထိ ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ တက္တသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်သင်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး

ကျောက်ဆည် ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် ယနေ့ နံနနက်(၉)နာရီက မန္တလေး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်သန်းမြင့်နှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်သင်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပြီး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ကလေးစာပေပွဲတော်(ကျုံပျော်)အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 ကျုံပျော် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို အ.ထ.က(၁)ကျုံပျော်၊ အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ရေှးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်က ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကလေးများပွဲတော်တွင် ပျော်ရွွင်စွာပါဝင်ဆင်နွဲနိုင်စေရေးအတွက် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့ကို အဖွင့်အမှာစကားပြောကြားသည်။ 

မိုင်းယောင်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်ပို့ချ

မိုင်းယောင်း ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်လုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့မှ စာရေးဆရာ ချစ်ဦးညိုရေးသားသည့် “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

သရက်ခရိုင် အောင်လံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

အောင်လံ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် မီးသတ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို  ယနေ့    နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင်ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ    တာဝန်ရှိသူများမှ သင်တန်းသားများအား မီးသတ်တူညီဝတ်စုံများပေးအပ်သည်။    

လင်းခေးလျှပ်စစ်ဓာတ်အားခွဲရုံမှ ပို့လွှတ်ယူနစ်များ ခွဲခြားနိုင်ရေး Metering Outfit မီတာတပ်ဆင်ခြင်းဆောင်ရွက်

မိုးနဲ   ဇန်နဝါရီ   ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေး ၆၆/၃၃/၁၁ ကေဗွီ ၊၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ မိုင်းပန်မြို့ ၊နမ့်တွန် ၃၃ ကေဗွီ လိုင်းထိုမှတဆင့် ဝမ်ဟတ်တိုက်နယ်၊ မောက်မယ်မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားများခွဲဝေ ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

ဝန်းသိုမြို့၌ မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ

ဝန်းသို ဇန်နဝါရီ ၆

၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။

အားကစားပြိုင်ပွဲဖွင့်ပွဲမုခ်ဦးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိုးနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဗန်းမော်မြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၀) စက်မှုလယ်ယာစခန်း၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုသင်တန်း ဖွင့်လှစ်

ဗန်းမော် ဇန်နဝါရီ  ၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသခံတောင်သူလယ်သမားများ ကိုင်တွယ်ကျွမ်းကျင် တတ်မြောက်စေရန် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၀) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။

Subscribe to