ပွင့်ဖြူမြို့၌ ရေစီးရေလာကောင်းမွန်ရေး အုတ်ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေး(ဝဲ၊ ယာ)များတွင် အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ယခုလ ၅ ရက်နေ့က စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။