သန်လျင်၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မိတ်ဆက် ရှင်းလင်းခြင်းနှင့် "လူငယ်နှင့်ငြိမ်းချမ်းရေး" စကားဝိုင်းဆွေးနွေးပွဲကျင်းပ
ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မိတ်ဆက်ရှင်းလင်းခြင်းနှင့် "လူငယ်နှင့်ငြိမ်းချမ်းရေး'' စကားဝိုင်း ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့မှ စီစဉ်၍ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘုရားကုန်းကျေးရွာရှိ ကြာကန်ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။