မယ်စဲ့မြို့နယ်တွင် မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်ကျင်းပ
မယ်စဲ့ ဇန်နဝါရီ ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ် မြို့နယ် အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး ၊ ဒုတိယမြို့နယ် ပညာရေးမှူးဦးရဲမြင့်၊ အထက(မယ်စဲ့) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြမော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။