ကျိုက်မရော နတ်စမ်းကွင်း၌ အစေ့ထုတ်ပြောင်းများ စမ်းသပ်စိုက်ပျိုး
ကျိုက်မရော ဇန်နဂါရီ ၈
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နတ်စမ်းကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် စမ်းသပ်စိုက်ကွက်၌ ဆောင်းရာသီ သီးနှံအဖြစ် အစေ့ထုတ်ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှတင်မောင်နှင့် စိုက်ပျိုးရေး ဝန်ထမ်းများနှင့် နတ်စမ်းကျေးရွာ တောင်သူများ ပူးပေါင်း၍ အစေ့ထုတ်ပြောင်းများ စမ်းသပ်စိုက်ပျိုးခြင်းကို စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။