မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြော
ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိခြင်းဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသားရေးအသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။