ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ်နယ်စပ်ဒေသ၊ မူဆယ်မြို့အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ/ တည်းခိုခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆက်လက်ပြုလုပ်ဆောင်ရွက်သွားရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရာ မူဆယ်မြို့၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကော်မတီ(မူဆယ်)၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ တည်းခိုခန်းများမှ တာဝန်ရှိသူများ၊လုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းအဖွဲ့များတက် ရောက် တွေ့ဆုံဆွေးနွေး ကြသည်။