သန်လျင်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆို

ရန်ကုန် မတ် ၁၁

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း  အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုရာ သန်လျင်မြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက် ရှိကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့်ကာလတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေး ကိစ္စရပ်များကို သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ် ရေးမှူးများက စာစစ်ဌာနများတွင် ပူးပေါင်းပါဝင်တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)