သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲကျင်းပ
သရက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက သတ္တဌာနဘုရားကြီးတွင် ကျင်းပရာ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနား ဖွင့်လှစ်ပေးပြီးနောက် ယဉ်ကျေးမှုတက္ကသိုလ် စောင်းအဆိုတော် မဏိသာက ထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ပြီး ဆရာတော် သံဃာတော်များက ဇယန္တောဗောဓိယာမူလေ အစချီသော အောင်ခြင်းဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။