မိုင်းပျဉ်းမြို့တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲများကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အောက်ဈေးတန်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မိခင်နှင့်ကလေး မူလတန်းကြို ကျောင်းတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီကကျင်းပပြုလုပ်ခဲ့သည်။