စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ စတင်
စစ်ကိုင်းတိုင်းဒေသကြီးရှိခရိုင်(၁၀)ခုတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကို ဇန်နဝါရီလ(၂)ရက်နေ့နံနက်(၉)နာရီမှ စတင်ကောက်ယူလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၏ ပြောကြားချက်အရ သိရသည်။