နမ့်စန်တွင် ဓမ္မစကူးလ် သင်ယူပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲ ကျင်းပ
နမ့်စန်(တ) ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် အမှတ်(၁)ရပ်ကွက် ဗုဒ္ဓရာဇာဓမ္မအေးရိပ်သာကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဗုဒ္ဓရာဇာဓမ္မစကူးလ်သင်တန်း သင်ယူပြီးမြောက် ခြင်း လက်မှတ်ပေးအပ်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓရာဇာဓမ္မအေးရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော် ထံမှ ငါးပါးသီလဆောက်တည်ကာ ဩဝါဒကထာများ နာကြားခဲ့ကြသည်။