သခွားမွှေးသီးနှံများ မူဆယ်ဈေးကွက်သို့ နေ့စဉ်ကားအစီးရေ(၄၀)ကျော် တင်ပို့
ချောင်းဦးမြို့နယ်အတွင်း နိုင်ငံခြားဈေးကွက်ဝင် သခွားမွှေးသီးနှံများ မူဆယ်ဈေးကွက်သို့တစ်ရက်လျှင် ကားအစီးရေ(၄၀)ကျော် တင်ပို့ပေးနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်ထံမှ သိရသည်။