တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား မြို့မိမြို့ဖ စေတနာရှင်ပြည်သူများက စာရေးကိရိယာ ပစ္စည်းများနှင့် အာဟာရဒါနအဖြစ် သောက်ရေသန့်ဗူးနှင့် မုန့်များ လာရောက်ကျွေးမွေးလှူဒါန်း
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မတ် ၁၆ ရက် ၊ ယနေ့ နံနက် ၉ နာရီက ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင် ပြည်သူများက စုပေါင်း၍ စာရေးကိရိယာပစ္စည်းများနှင့် အာဟာရဒါနအဖြစ် သောက်ရေဗူးများနှင့် မုန့်များလာရောက်ကျွေးမွေး လှူဒါန်းခဲ့ကြောင်းသိရသည်။