ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ် ၁ ရပ်ကွက်ရှိ Checkpoint နှင့် မြို့ပြင်နေရာ၌ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုရားသုံးဆူမြို့ ကျန်းမာရေးတာဝန်ခံ ဒေါက်တာခိုင်ထူးနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာသူများအား ကိုရိုနာဗိုင်းရပ်(စ်) ကိုယ်အပူချိန် တိုင်းတာစမ်းသပ်စစ်ဆေး ဆောင်ရွက်မှုများ၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို နံနက် ၇ နာရီက ပြုလုပ်လျက်ရှိကြောင်း သိရသည်။