ပြည်ကြီးတံခွန်မြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (င)ရပ်ကွက်၌ မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယနေ့နံနက် ၈ နာရီခွဲအချိန်က မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “သမိုင်းမှပေးသော အတွေးအမြင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မာစေရန် ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ သမိုင်းမှပေးသောအတွေးအမြင် ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ ဌာနဆိုင်ရဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ဘုန်းတော်ကြီးကျောင်းများအား စုပေါင်းသန့်ရှင်းရေး ကာယဒါနလုပ်အားပေးပြုလုပ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီ၏ စီမံကွပ်ကဲမှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီက မြို့ပေါ်ရှိ ရတနာပုံဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၍ ကာယဒါန ကုသိုလ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖျာပုံမြို့၌ (၃၃)ကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် (၃၃)ကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို နိုဝင်ဘာလ ၁ ရက်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်း လှည့်လည်ဆောင်ရွက်ကြသည်။

မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည်  ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၂) ရပ်ကွက်၊ ၅၅နှင့်၅၆ လမ်းကြား၊ မဟာဗန္ဓုလလမ်းရှိ New Day စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေး ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အထက်ပုဇွန်တောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းနှင့် မီးများထွန်းလင်းရေးအခြေအနေများကို ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် အောက်တိုဘာ (၃၁) ရက်နေ့ ညပိုင်းက အထက်ပုဇွန်တောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းနှင့် မီးထွန်းလင်းရေး အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

သန်လျင်မြို့နယ်၌  မိုးရွာသွန်းပြီး လေဆင်နှာမောင်း  တိုက်ခတ်မှုဖြစ်ပွား

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ နိုဝင်ဘာ ၁ ရက်နေ့ နံနက် (၉) နာရီ (၄၅)အချိန်က ညောင်သုံးပင်ကျေးရွာ၊ သနပ္ပင်သွားလမ်း၊ ကွင်းအမှတ်(၆၈၃/က)ကွင်းတွင် မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မဟာနန်းတော် ဆိတ်ခြံ၊ အေဝမ်းနွားခြံနှင့် ဦးမောင်သိန်းဆိတ်ခြံ အဆောက်အဦ ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသောမြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to