ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံ ဦးကိုကိုလွင် ချောင်းဆုံမြို့နယ်၌ မဲရုံးမှူးနှင့် ဒုတိယမဲရုံးမှူး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံးမှူးနှင့် ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့က ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံ ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု့အားပေးခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊မရမ်းကုန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲကို နိုဝင်ဘာ ၂၆ ရက်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁)ရပ်ကွက် ဘုရင့်နောင်စျေး(ကားပစ္စည်းဝန်း) တာဝန်ခံရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်တော်များတက်ရောက်ခဲ့ကြသည်။

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်သူများအဖွဲ့(Book Club)ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအဖွဲ့(Book Club)တို့ ပူးပေါင်း၍ “ကြယ်တစ်စင်းကို ထုဆစ်ခြင်း” ခေါင်းစဉ်ဖြင့်(၄၁)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မရေးရာ အကြမ်းဖက်မှု အသိပညာပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက တညင်ကုန်း (စံပြ) ကျေးရွာ၊ ပေါ်တော်မူဘုရားတန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် ယနေ့မွန်းလွဲ ၁ နာရီက စာရေးဆရာမချောချော (ချော်တွင်းကုန်း) ရေးသားသည့် ဣတ္တိယတို့၏သဘောနှင့်သင်္ခါရ ဆောင်းပါးဖြင့် ရေးသူဖတ်သူ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်သံလွင်အား ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများကြိုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ငပုတောမြို့အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငပုတောမြို့သို့ ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။

ပွင့်ဖြူမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ‌အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့သည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ကွင်းဆင်း၍ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိ‌ရန် စာပေမှရရှိသောဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင် ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် အ.ထ.က-ကလိန်အောင်ကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက သွားရောက်ခဲ့ကြောင်း သိရသည်။
Subscribe to