မြဝတီမြို့၌ (၆၁)နှစ်ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြဝတီခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြဝတီခရိုင်နှင့်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A)တို့ ကြီးမှူး ကျင်းပသည့် (၆၁)နှစ်ပြည့်နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော် ယနေ့နေ့လယ် ၁၂ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးရှိ၊ သာသနာ့ဟိတ ကာရီဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

မြဝတီမြို့ရှိ ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေး အလှူငွေပေးအပ်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ မြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး အလှူငွေပေးအပ်ပွဲကို သာသနာ့ဟိတ ကာရီဗိမ္မာန်တော်တွင် ယမန်နေ့သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါခေါင် လပြည့် မေတ္တာအခါတော်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် အနာဂတ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွားနို့ကြက်ဥတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ အ.မ.က (မူလွန်) ဘုရားချောင်း(ရပ်)ကျောင်းနှင့် အ.မ.က (ခါတော်မီ) ကျောင်းများ တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က အနာဂတ်ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွားနို့ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ ဧက ၆၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး ခတ်ချိုကျေးရွာရှိတောင်သူများနှင့် စိုက်ပျိုးရေးအသိပညာပေးဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း မိုးစပါးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဝိုင်းမော်မြို့နယ်အတွင်း ဆောင်းသီးထပ်သီးနှံအဖြစ် ဆီးထွက် သီးနှံ နေကြာဧက ၆၀၀ ကျော်တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့ ညနေ ၃ နာရီက ခတ်ချိုကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် ခတ်ချိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ရက်သတ္တပတ်ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ရက်သတ္တပတ် ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ အ-ထ-က၊ လောင်းလုံးကျောင်းနှင့် အ-မ-က (က)ရပ်ကွက်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် School Milk Program အစီအစဉ်ဖြင့် ကျောင်သား/သူများအား နွားနို့တိုက်ကျွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာအုပ်စုလုံကား အ.ထ.က ကျောင်းတွင် School Milk Program အစီအစဉ်ဖြင့် နွားနို့တိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီခန့်က တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ကောင်ရာ) ကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲကို ကျောင်းသားလူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန်၊ ဘက်စုံဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးမောက်မြို့အ.ထ.က ကြံခင်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီ၌ အ.ထ.က ကြံခင်းကျောင်း ကွင်းပြင်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။

ကလိန်အောင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသက်(၁၅)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to