(၃၄)နှစ်မြောက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အကြို ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်

(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအူပင်မြို့နယ်အတွင်းရှိ ဘုရား‌၊ ကျောင်း၊ ကန်၊ စေတီပုထိုးများနှင့် မအူပင် ဘိုးဘွားရိပ်သာတို့တွင် ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးနှင့်ဗဟိုအဆင့်) ပြိုင်ပွဲများတွင် မအူပင်ခရိုင်ကိုယ်စားပြု ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးနှင့်‌ဗဟိုအဆင့်) ပြိုင်ပွဲများတွင် မအူပင်ခရိုင်ကိုယ်စားပြု ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

ဝေါမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြိုနယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဝေါမြို့ အခြေခံပညာ အထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များနှင့် အောင်ပွဲရ ပြည်နယ်လက်ရွေးစင်ဝူရှူးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင် ကချင်ပြည်နယ်မှ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော ပြိုင်ပွဲဝင်များနှင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးအားကစားပြိုင်ပွဲတွင် အောင်ပွဲရ ပြည်နယ် လက်ရွေးစင်ဝူရှူး အသင်းတို့အား ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ် သည်။

ပြည်မြို့နယ်တွင် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရီုင် ပြည်မြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမမများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ပြည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သိရီရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး(ရုံးခွဲ)ပြည်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ယု၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အတွင်း အခြေခံပညာထက်၊ လယ်၊မူ ကျောင်းအုပ်ဆရာ၊ဆရာမများတက်ရောက်သည်။

ဆန်၊ ဆီ၊ အခြားစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ကန့်ဘလူမြို့စည်ပင်သာယာ ခန်းမ၌ ရောင်းချပေး

ဆန်၊ ဆီ၊ အခြားစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ကန့်ဘလူမြို့စည်ပင်သာယာ ခန်းမ၌ ရောင်းချပေး ကန့်ဘလူ အောက်တိုဘာ ၂၉ အောင်ဝင်းငြိမ်း

ဇေယျာသီရိမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆင့်ပွားသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

မင်္ဂလာဒုံမြို့နယ်တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို အမှတ်(၃၇)အခြေခံပညာ မူလတန်းကျောင်း၌ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊​ တောတိုက်ရပ်ကွက်ရှိ အမှတ် (၃၇) အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း၌ ယနေ့ နံနက်(၇)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လျှပ်စစ်မှ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း လျှပ်စစ်မီးသုံးစွဲသူပြည်သူများ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းပြီး ဓာတ်အား စဉ်ဆက် မပြတ်ရရှိရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်မိုင်တင်တင်နှင့် လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းစိုးလွင်တို့ အနီးကပ်ကြီးကြပ်၍ လိုင်းဝန်ထမ်းများက ယနေ့ နံနက်(၈)နာရီ က မြို့နယ်အတွင်း ဓာတ်အားလိုင်းများ တစ်လျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to