နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း ၅၇၇၄ ဦးကို ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့ရာ ဘားအံအကျဉ်းထောင်နှင့်အကျဉ်းစခန်းမှ အကျဉ်းသား၊အကျဉ်းသူ ၂၅၇ ဦး ခံဝန်ကတိဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။