ဒိုက်ဦး မြို့နယ်တွင် နှာခေါင်းစည်း Mask များ စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/ မရှိ ကြည့်ရှုစစ်ဆေး

ဒိုက်ဦး ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ် ၊ မြို့မစည်ပင်သာယာဈေးရှိ mask များ လက်လီလက်ကား ရောင်းချနေသော ဆိုင်များ၊ ဆေးဝါး အရောင်းဆိုင်များအား mask များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉:၃၀)နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများ မိတ်ဖက် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး ၊ ကုန်စည်များကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊  ဈေးနှုန်း မြှင့်တင် ဖြန့်ဖြူးခြင်း (သို့)ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။

ကျော်ကျော်(IPRD)