သတင်းများ

ညောင်တုန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များ ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ရှင်များနှင့် တွေ့ဆုံကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အတွက် လိုက်နာရန်အချက်များ အသိပညာပေးဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ပြေးဆွဲလျက်ရှိသော အဝေးပြေးကားများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အဝေးပြေးကားများ၌ လိုက်ပါသည့် ခရီးသည်များ သိရှိလိုက်နာနိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သော သိကောင်းစရာများ ပါဝင်သည့် ဗွီဒီယိုခွေပြသရန်နှင့် စတေကာများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ ကားမှန်များတွင် ကပ်ပေးခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရန် ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာဘုရားပွဲ ကျင်းပပြုလုပ်တော့မည်မဟုတ်
Mar 18,2020
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလပြီး၍ နှစ်စဉ်အစဉ်လာမပျက် ကျင်းပပြုလုပ်သော ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာ (ခြေတော်ရာ) ဘုရားပွဲတော်ကို ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှုမရှိစေရန် ဘုရားပွဲတော်ကြီးကို ကျင်းပပြုလုပ်တော့ မည်မဟုတ်ကြောင်း ဘုရားပွဲတော် ကြီးကြပ်ရေး ကော်မတီဝင်များထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသော ကျောင်းသားကျောင်းသူများအား COVID-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 18,2020
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ (COVID-19) နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များထည့်သွင်းဖော်ပြထားသော အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်ပညာရေးမှူး ဦးခင်ညိုဦးနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက
မင်းဘူး(စကု)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၇၉၁ ဦးအား သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့
Mar 18,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်၊ ဒုတိယသုံးလပတ်( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှသိရသည်။
ဘားအံမြို့ပေါ် လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိပညာပေးပိုစတာများကပ်ခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 18,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် တွေ့ဆုံဆွေးနွေးကြပြီး မြို့ပေါ် လူစည်ကားရာ(၅)နေရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်မျာ ဖြန့်ဝေပေးကာ ပိုစတာများကို ကပ်ထားပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
Mar 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများသည် အ.ထ.က (၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ Eco/Bio ဘာသာရပ်ဖြေဆိုမည့်နေ့တွင် ကြီးကြပ်ရေးမှူး၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/ သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၆၄၈ ဦးအား လူမှုရေးပင်စင် ထောက်ပံ့
Mar 18,2020
မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်အတွင်း ကွင်းဆင်းထောက်ပံ့ပေးခဲ့သည် ။