သတင်းများ

မင်းဘူး(စကု)မြို့နယ် ကျောင်းကုန်းကျေးရွာ၌ ဧရာဝတီမြစ် ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၇)လုံး ကြိုတင်ပြောင်းရွှေ့
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၌ ဩဂုတ်လ ၃၁ ရက်နေ့က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၇)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါက်ခေါင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက် ခံရသူများနှင့် ကိုဗစ်-၁၉ကူးစက်ခံရသူ Volunteer များအား ထောက်ပံ့ ငွေများပေးအပ်
Sep 02,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်က ပေါက်ခေါင်းမြို့နယ် အင်ငါးခွကျေးရွာ ကြံစိုက်ခင်းသို့ ရောက်ရှိပြီး ကြံပင်များ စနစ်တကျ စိုက်ပျိုးထားရှိမှုကို ကြည့်ရှု့ပြီး၊ အင်ငါးခွသကြားစက်သို့ ဝင်ရောက်ပြီး သကြားစက် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းတွင် Voltage အပြည့်သုံးနိုင်ရန် ပစ္စည်းအသစ် လဲလှယ်တပ်ဆင်မည်ဖြစ်၍ ယနေ့ နေ့လယ်ထိ ဓာတ်အားပြတ်တောက်မည်
Sep 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲထိ Voltage အပြည့်အဝ အသုံးပြုနိုင်ရန်အတွက် 33KV မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းတွင် ပစ္စည်းအသစ်များ လဲလှယ်တပ်ဆင်ခြင်း ပြုလုပ်မည် ဖြစ်သောကြောင့်
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Sep 02,2021
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန့်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် တိုင်းဒေသကြီးအစိုးအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သည်။
ကန့်ဘလူမြို့နယ် အောက်ဆီဂျင်စက်/အိုး ဖြစ်မြောက်ရေး ကော်မတီသို့ အောက်ဆီဂျင် ၄၀ လီတာအိုး ၄၀(အရည်များသာ) လှူဒါန်း
Sep 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးတွင် အောက်ဆီဂျင် အခက်အခဲ မဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးနေသော မြို့နယ် အောက်ဆီဂျင်စက်/အိုး ဖြစ်မြောက်ရေး ကော်မတီသို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိုးခြံလူငယ်နှင့်သောကြာကြယ် လူမှုကူညီရေး အသင်းတို့မှ အောက်ဆီဂျင် ၄၀ လီတာ အိုးအလုံး ၄၀ (အရည်များသာ)ကို လှူဒါန်းခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လွှဲပြောင်းပေးအပ်
Sep 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အချိန်နှင့်တပြေးညီ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ပေးရှိသည့် စေတနာဝန်ထမ်းများအား ကူညီထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးသွားမည်
Sep 02,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဩဂုတ် လဆန်းပိုင်းက စတင်၍ ပထမအကြိမ်ထိုးနှံပြီးသူ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ အသက် ၁၈ နှစ်အထက် ဆရာတော် သံဃာတော်များ၊ အစိုးရ/ ပုဂ္ဂလိက ဝန်ထမ်းများ၊ စျေးသူစျေးသားများနှင့် ပြည်သူများကို စက်တင်ဘာ ၃ ရက်မှစတင်ကာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ပေါက်တောမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများ၌ ခိုလှုံနေကြသောပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 02,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် တိုက်ပွဲရှောင်စခန်း ၃ခုရှိ တိုက်ပွဲ ရှောင်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာ စုရပ်ဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်း ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီက ထိုးနှံပေးခဲ့သည်။