သတင်းများ

ထားဝယ်မြို့၌ ကိုဗစ်ရောဂါပိုးကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူများ၏ ရင်တွင်း စကားသံများ
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ကိုရပ်ကွက်/ကျေးရွာများတွင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသော်လည်းပြန်လည် ကောင်းမွန် လာသူများ၏ရင်တွင်းစကားသံများကိုလည်း ယခုလိုကြား သိခဲ့ရပါတယ်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ ရှမ်းဘာသာ(၂)မျိုးဖြင့် အသိပညာပေးနှိုးဆော်
Sep 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ သီပေါမြို့ မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ကျေးရွာများတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြန်မာဘာသာ၊ ရှမ်းဘာသာ (၂)မျိုးဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇၀၀၀ ဦး ကျော်တွင် ၆၀၀၀ ဦး ကျော် ဒုတိယအကြိမ် လာရောက်ထိုးနှံ
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇၀၀၀ ဦး ကျော်အား ဩဂုတ်လ ၂၈ ရက်နေ့က စတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ၆၀၀၀ ဦး ကျော် လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Sep 13,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ရုံးရှေ့ရှိ နံရံကပ် ပြဘုတ်၌ ပြသထားလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ နှင့်ပြည်သူများ (၃၂၃၆)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး လုပ်ငန်းဖြစ်သည့် ရောဂါကာကွယ်ဆေး ထိုးနှံရေးကို ယနေ့ နံနက်ပိုင်း(၁၁)နာရီအချိန် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ် လူငယ်ခန်းမတို့၌ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အို အဖိုးအဘွားများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံတွင်လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 13,2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံတွင် လုပ်ငန်းစတင်ဆောင်ရွက်တော့မည့် အောက်ဆီ ဂျင်စက်ရုံအနီးပတ်ဝန်းကျင်၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်းကာ သန့်ရှင်းရေးလုပ်ငန်းအား ယနေ့ နံနက် ၇ နာရီက အဆိုပါ ဆေးရုံအောက်ဆီဂျင်စက်ရုံပတ်ဝန်းကျင်းတွင် ကွင်းဆင်းဆောင် ရွက်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ကွင်းဆင်းထိုးနှံ
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် လိမ္မော်ခြံကျေးရွာအုပ်စုရှိ မြစိမ်းတောင် ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တာဝန် ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး
Sep 13,2021
လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။