သတင်းများ

မြောင်းမြမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အသိပညာပေး ဗီနိုင်းပိုစတာကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးရှေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၌ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီကလှိုင်မြို့နယ် အမှတ်(၄) ရပ်ကွက်၊ ပညာရေးမှူးရုံး လှိုင်ပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနား ကျင်းပ
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက ရွှေကျင်မြို့နယ် ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်သည်။
၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာအုပ်စု၌ နယ်လှည့်ဆေးကုသမှုပေးခြင်းနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ပြည်သူများ အားနယ်လှည့်ဆေးကုသမှုပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့ နံနက် ၇ နာရီက ကျောက်တလုံးကြီးကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပြီး ကောင်းမှုလုံစေတီတွင် မူလဘုရားဒါယကာများ၏ ရုပ်ထုများထားရှိပူဇော်ပွဲသို့ တက်ရောက်အားပေး
May 19,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၌ ခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကောင်းမှုလုံစေတီတော်တွင် ဘုရားတည်လှူခဲ့သော မူလဘုရားဒါယကာများ၏ စကျင်ကျောက်သားရုပ်ထုများ ဖွင့်ပွဲအခမ်းအနားများသို့ မေ ၁၈ ရက်တွင် တက်ရောက်အားပေးခဲ့ကြသည်။
ဦးစီးအရာရှိနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ ပညာရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား Virtual စနစ်ဖြင့် ကျင်းပ
May 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်(တောင်ပိုင်း)ရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးရှိ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း(ရန်ကုန်)၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဦးစီးအရာရှိနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် Virtual စနစ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူ
May 19,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၁၁ နာရီက လူစည်ကားရာနေရာများဖြစ်သော မော်တော်ယာဉ်လမ်းဆုံ မီးပွိုင့်အနီးနှင့် မြို့မဈေးကြီးအနီးတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။