ကန့်ဘလူမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်
May 21,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းအကူအညီ လိုအပ်သူများအတွက် လူမှုကရုဏာအကူအညီများပေးရာတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီလျက်ရှိရာ ယမန်နေ့ရက်မွန်းလွဲ ၁ နာရခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ အမျိုးသား/အမျိုးသမီး တစ်ကိုယ်ရေသုံးပစ္စည်းများကို ကန့်ဘလူမြို့မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။