သတင်းများ

လူငယ်/လူရွယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက စကားပုံဆက်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် Sinopharm ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Astra Zeneca) ဆက်လက်ထိုးနှံ​
May 20,2022
ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster( Actra Zeneca) ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ယနေ့နံနက် ၉နာရီက ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ပြည်သူ့ကျန်းမာ​ရေးဦးစီဌာန၊ ​ဆေး​ပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မသန်စွမ်းသူများဆိုင်ရာ”အသိပညာပေး Talk Show ဆောင်ရွက်
May 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဒေါ်ခင်ရူပါအေး (ဒုတိယဦးစီးမှူး)က “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမြင်အာရုံချို့ယွင်းသူနှင့် အကြားအာရုံချို့ယွင်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူတို့ အကြောင်းကို ဖတ်ကြားပေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့်မြေနေရာအားကြည့်ရှု
May 20,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တ/ မြို့သစ်(၅)၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့်မြေနေရာအား
အများပြည်သူများသုံးစွဲရန်မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ပျောက်ဆေး ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးခြင်း
May 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အများပြည်သူများ သောက်သုံးရန်မသင့်သော အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမျတ်ရောင်ပျောက်ဆေးအား ရောင်းချခြင်း ရှိ၊ မရှိကို ကွင်းဆင်းစစ်ဆေးကြောင်း သိရပါသည်။
ဇီးကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အမှတ်(၅)ရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချမှုမရှိစေရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စားသုံးရန် မသင့်သည့် အသားချောင်းများနှင့် ပတ်သက်၍ စျေးသူ/သားများနှင့် စျေးဝယ်လာရောက်ကြသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။