ဘိုကလေးမြို့နယ် ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာမှ ဘိုးဘွားများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်
Oct 12,2022
ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာမှ ဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့တို့ ပူးပေါင်း၍ အောက်တိုဘာ(၁၁)ရက် ညနေ(၄)နာရီတွင် ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။