သတင်းများ

လေးမျက်နှာမြို့နယ်တွင် အသက်ကယ် အောက်စီဂျင်အိုးများနှင့် ဆက်စပ် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Mar 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာ အိမ်ရာ(၁) မုဒိတာတွဲလက်များ အောက်စီဂျင်လေ အလှူတော်အသင်းနှင့် ကျေးရွာအလှူရှင်များ စုပေါင်း၍ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ ဖြူစင်မေတ္တာနာရေးနှင့် လူမှု ကူညီရေးအသင်းသို့ အသက်ကယ်အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို အဆိုပါကျေးရွာရှိ ဗုဒ္ဓဝါဒီ ကျောင်းတိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။
လယ်ဝေးမြို့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျေးရွာ(၁၄)ရွာသို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 14,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ(၁၄)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဖာပွန်မြို့၌ (COVID-19) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်
Mar 14,2020
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံမှု အန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး အများပြည်သူများ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်ရေးအတွက် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ယနေ့နံနက်ပိုင်း က ခရိုင်နှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့(၇)ဖွဲ့ခွဲ၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့၌ COVID-19 အကြောင်းသိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ
Mar 14,2020
ချင်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှဦးဆောင်၍ (COVID-19) ရောဂါအကြောင်း သိကောင်းစရာများ စကားဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့ ညနေ ၆ နာရီက ဟားခါးမြို့ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားသည်။
ဝေါလေမြိုင်မြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်
Mar 14,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဝေါလေမြိုင်မြို့၊ ဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လက်ပံတန်းကျေးရွာရှိဒေသခံပြည်သူများ မိရိုးဖလာတံမြက်စည်းပြုလုပ်ရောင်းချမှုဖြင့် မိသားစု အပိုဝင်ငွေရရှိ
Mar 14,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုအတွင်းရှိ လက်ပံတန်း ကျေးရွာရှိ ဒေသခံပြည်သူများ မိရိုးဖလာလုပ်ကိုင်ခဲ့သည့် တံမြက်စည်း(အနု)ပြုလုပ်ရောင်းချမှုဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ရာအိမ်မှူး ဦးထွန်းထွန်းဦးက ယမန်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။
ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးလာ
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စိန်လည်ကျေးရွာတွင် တောင်သူအချို့သည် ဆောင်းသီးနှံဖြစ်သည့် ဂန္ဓမာပန်း စိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးသည့် အဆင့်ထိ လုပ်ကိုင်လာကြကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်၌ အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေများကို အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများထံအရောက် ထောက်ပံ့ပေးအပ်
Mar 14,2020
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အမျိုးသား လူမှုရေး ပင်စင်ကို တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ငါန်းဇွန်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ယမန်နေ့က အဘိုးအဘွားများ၏ လက်ဝယ်အရောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။