သတင်းများ

သရက်ခရိုင် အောင်လံမြို့တွင် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 25,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင် ထွက်လျှင် Mask တပ်ဆင်သည့်အလေ့အထကောင်းရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အားအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီကအောင်လံမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်နှင့် ကရသူရိမြို့တွင် စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များ ကိုဗစ်−၁၉ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်းရှိ/ မရှိရှောင်တခင်စစ်ဆေး
Aug 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်နှင့် ကရသူရိမြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ရှောင်တခင်စစ်ဆေးသည်။
ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် ၃ လုံးအတွက် ကယ်ဆယ်ရေး ရန်ပုံ​ငွေထောက်ပံ့ပေးအပ်
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ ခဲ့ရသည့် လူနေအိမ် ၃ လုံးရှိ အိမ်ထောင်စုဝင်များအတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေး ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကောလင်းမြို့၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာရန် စည်ကမ်းချက်များအား လှည့်လည်နှိုးဆော်
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့၌ ယမန်နေ့ မွန်းလွှဲ ၂ နာရီက ကောလင်းမြို့နယ် မီးသတ် စခန်းမှ တပ်ကြပ်ကြီး ထက်အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးသည် မီးသတ်ယာဉ်ဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာရန် စည်းကမ်းချက်များအား သတိပြုဆောင်ကြပါရန် ကောလင်းမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများအား အသိပေးနှိုးဆော်ခြင်များကို ဆောင်ရွက်ခဲ့ကြသည်။
ပခုက္ကူမြို့နယ်၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် လူသုံးကုန်လက်မှု လုပ်ငန်းခွင် သင်တန်း ဖွင့်လှစ်
Aug 25,2020
အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးက ကြီးမှူး၍ COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် လူသုံးကုန်လက်တွေ့လုပ်ငန်းခွင်သင်တန်းကို ပခုက္ကူမြို့နယ် အနောက်နံဂါတ်ကျေးရွာ မူလတန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီကဖွင့်လှစ်သင်ကြားသည်။
ကသာခရိုင်၊ ဗန်းမောက်မြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်သင်တန်းဆင်းပွဲပြုလုပ်
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပဖွင့်လှစ်သော တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော
ရပ်စောက်မြို့နယ်တွင် ပြည်သူများအား Covid-19 ရောဂါကာကွယ်ရေး သတိရှိစေရန် အသိပညာပေး နှိုးဆော်
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အတွင်းရှိ ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရေး Maskများတပ်ဆင်ကြရန်နှင့် ပေါ့ဆစွာမနေဘဲ သတိရှိစွာဆင်ခြင်နေထိုင်ကြရန် အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွှဲ (၁၇၀၀) နာရီအချိန်က မြို့ပေါ်ရှိ ရပ်ကွက်များသို့ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ ပူးပေါင်း၍ Hand Speaker ဖြင့် အသိပေးနိုးဆော်ခြင်းကိုဆောင်ရွက်ခဲ့သည်။