နတ်မောက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာကောင်းမွန်စေရေးအတွက် နတ်မောက်မြို့နယ် လမ်းဦးစီးဌာနမှ One State One Township စီမံချက်အရ မြို့သာယာလှပရေး အုတ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပျော်ဘွယ်-ရွာမွန် - နတ်မောက် ဆေးရုံတောင်ဘက်လမ်းနှင့် ဘုရားကြီးလမ်းကြား (၃) ပေအကျယ်၊ (၃)ပေအနက် အုတ်ရေမြောင်း အရှည် (၁၉၅၁) ပေ တူးဖော်ခြင်းနှင့် လမ်းသွယ်များတွင် ကွန်ကရစ် Slab တံတားငယ် ( ၈ ) စင်း တည်ဆောက်ခြင်း အတွက် ကုန်ကျငွေ ( ၈၁.၇၇ ) သန်းရှိပြီး ၊ ပျော်ဘွယ်-ရွာမွန်- နတ်မောက်လမ်း သာသနာ့ပါလ ဆွမ်းလောင်းရုံ မှ PK Mobile အထိ ( ၃ )ပေအကျယ်၊(၃)ပေအနက် အုတ်ရေမြောင်း အရှည် ( ၂၂၂၂ ) ပေ တူးဖော်ခြင်း နှင့်လမ်း သွယ်များတွင် ကွန်ကရစ် Slab တံတားငယ် ( ၄ ) စင်း တည်ဆောက်ခြင်းအတွက် (၆၅. ၅၇) သန်းဖြင့် တူးဖော်ဆောင်ရွက်ခဲ့ကြောင်း နတ်မောက်မြို့နယ် လမ်းဦးစီးဌာန တာဝန်ခံ အင်ဂျင်နီယာတစ်ဦးထံ မှသိရသည်။
သင်းသင်းဝေ ( နတ်မောက်)