ဟားခါး ဇူလိုင် ၂၁
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ တွီးဗိုင်ချောင်းရေကြီးမှုကြောင့် လမ်း၊ တံတား၊ လယ်ယာမြေများအား ပြန်လည်ကုစားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာ စကား ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းအချိန် တွန်းဇံမြို့နယ်၊ ကျီခါးမြို့အနီး ပတ်ဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျီးခါးမြို့၊ ကန်ဆောက်ကျေးရွာနှင့် ခေါဒမ်ကျေးရွာရှိ တောင်သူ (၆၈) ဦး၏ လယ်မြေ ၇၃ ဒဿမ ၉၇ ဧက၊ တောင်ယာမြေ ၈ ဒဿမ ၀၈ ဧက နှင့် တံတား (၁) စင်းတို့အား ရေကြီးနှစ်မြှပ်ပျက်စီးပြီး ကျီခါးမြို့နှင့် ကန်ဆောက်ကျေးရွာတွင် နွားမ (၁) ကောင်စီ ပျောက်ဆုံး၍ ကန်ဆောက်ကျေးရွာတွင် ကျွဲ (၁) ကောင်သေဆုံးကြောင်း ကနဦးသတင်းရရှိ ထားကြောင်း၊ အဆိုပါဒေသရှိ ပျက်စီးဆုံးရှုံးမှုအခြေ အနေမှန်စာရင်းများ ရရှိနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်အထိ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ အမှန်စာရင်းရရှိနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးသင့်ပြည်သူများအတွက် အရေးပေါ် အခြေခံစား ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ လိုအပ်ချက် ပစ္စည်းစာရင်းများကို အမြန်ဆုံး ချိတ်ဆက်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့ အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျီခါးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည်ကုစားနိုင်ရေးအတွက် မိမိတို့ဌာနအလိုက် အမှန်တကယ် ဆောင်ရွက်နိုင်မည့် အစီအမံ များကို ပြုစုတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျီခါးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ သဘာဝဘေးသင့်ပြည်သူများနှင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ကုစားနိုင်ရေးအတွက် မိမိဌာနမှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ယခု သဘာဝဘေးကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဦးဆောင်၍ ကော်မတီဖွဲ့စည်းသွားရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများမှ ဆောင်ရွက်မည့် အစီအမံများ တင်ပြရာတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် တွဲဖက်အတွင်းရေးမှူးတို့ထံ တစ်ပါတည်း ပေးပို့တင်ပြပေးစေလိုကြောင်း ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့ကလည်း လိုအပ်ချက်များ အကြံပြုဖြည့်စွက်ဆွေး နွေးကြ ကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)