ကော့ကရိတ်မြို့တွင်​ စာဖတ်ဝိုင်းပြုလုပ်

ကော့ကရိတ် စက်တင်ဘာ ၁၀

ကရင်ပြည်နယ်​ ကော့ကရိတ် ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဝန်ထမ်းများသည် ယမန်​နေ့ နံနက်(၁၁)နာရီချိန်က သြဂုတ်လ၂၈ ရက်​နေ့ထုတ် မြန်မာ့အလင်း၊ ​ကြေးမုံသတင်းစာတွင်ပါရှိသည့်​ ရွေး​ကောက်ပွဲနှင့် သတင်းမီဒီယာသမားများ​ဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်​ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ဆက်ဦးစီးအရာရှိ ဦးဝင်းရှိန်ကရုံးတွင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း​​ပြောကြားသည်။

ထို​နောက် ဝန်ထမ်းများက​ ကြေးမုံသတင်းစာတွင်​ မောင်စာဂ​​ရေးသားသည့် ၂၀၂၀ ပြည့်နှစ် အ​ထွေ​​ထွေရွေး​ကောက်ပွဲနှင့်အတူ​ ရွေး​ကောက်ပွဲနှင့်သတင်းမီဒီယာသမားများ​ ဆောင်းပါးပါအခွင့်အ​ရေးများ၊ တာဝန်ရှိခြင်း၊​ဆောင်ရန်​ရှောင်ရန်အချက်များ၊​​ ရွေး​​ကောက်ပွဲနှင့်သတင်းမီဒီယာများကဏ္ဍ အ​ကြောင်းအရာပါ​ဆောင်းပါးတို့ကို ဖတ်ကြားပြီး​နောက် ခရိုင်ဦးစီးအရာရှိမှ ပြန်လည်​ဆွေး​နွေး​ပြောကြားခဲ့​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)