ဖာပွန်မြို့တွင် ကိုဗစ် - ၁၉ရောဂါ ကာကွယ်​ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သတိပေးနှိုး​ဆော်ချက်များ လှည့်လည်​ကြေညာ

ဖာပွန် စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန် အချက်များကို ယနေ့နံနက် (၇) နာရီအချိန်က ဝှေဆန်၊ ငါးအိမ်စု၊ ကူးဆိပ်၊ မထောကျေးရွာတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် ရေဘေး၊ မုန်တိုင်းဘေး၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် ဆောင်ရန်/ရှောင်ရန် သတိပေးနှိုးဆော်ချက်များကို အများပြည်သူများ သိရှိလိုက်နာကြရန်အတွက် အသံချဲ့စက်​​​ဖြင့် လှည့်လည်​​​ကြေငြာခြင်းကို ဖာပွန် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်စိန်လှဝင်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း၊ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာ များသို့ အဆိုပါ သတိပေးနှိုးဆော်ချက်များကို ဆက်လက်၍လိုက်လံကြေညာပေး သွားမည်ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာမှ သိရသည်။

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)