ကျိုက်လတ်၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် Youth Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ဒေါက်တာကျော်စိန်၏ "ဘဝတွင် အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Youth Club  အသင်းဝင် မနှင်းအိလင်းက “ပျော်ရွှင်မှုအတွက်နည်းဗျူဟာသုံးပါ” ဆောင်းပါးနှင့် စာပေဝါသနာရှင် မနွေဦးခိုင်က “ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါ” ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက် လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)