လှိုင်းဘွဲမြို့နယ် (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ ဇူလိုင် ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ သုတပဒေသာ စာစောင်များတွင်ပါရှိသည့် ဆောင်ပါးများဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လည်ပိုင်းက (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က ကျောင်းသား၊ကျောင်း သူများအနေဖြင့် မိမိအနာဂတ်အတွက် ရည်ရွယ်ချက် မြင့်မြင့်ထားခြင်း၊ ဗဟုသုတ တိုးပွားဖို့အတွက် စာအုပ်စာပေများကို လေ့လာ ဖတ်ရှုရမည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် မအေးချမ်းသူက စာရေးဆရာ ကိုဇော်ဌေး(ယဉ်ကျေးမှု)၏ အမျိုးသမီးများအပေါ်  အကြမ်း ဖက်မှုကာကွယ်ရေး၊ မသွန်းသဒ္ဒါထွန်းက စာရေးဆရာမ လင်းထက်သော်တာ၏ ကလေးလုပ်သားပြဿနာ အဖြေရှာဆောင်းပါး များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)